Warranty ဆိုတာ
Warranty ပါတဲ့ product က warranty ကာလအတွင်း သုံးမရတော့ရင် ကျွန်တော်တို့ ဖြေရှင်းပေးပါတယ်။
Warranty ကာလက product နဲ့ plan အလိုက် မတူပါ။ Plan တစ်ခုချင်းစီမှာ ပြထားပါတယ် — မဝယ်ခင် ကြည့်ပေးပါနော်။
သုံးမရတော့ရင် ဘာလုပ်ပေးလဲ
- အရင်ဆုံး stock ထဲက အသစ်နဲ့ အစားထိုးပေးပါတယ်။
- Stock မရှိတော့ရင် (သို့) အဲဒီ product ကို ကျွန်တော်တို့ မရောင်းတော့ရင် မသုံးရသေးတဲ့ လအတွက် အချိုးကျ ငွေပြန်အမ်းပါတယ်။
ငွေပြန်အမ်း တွက်နည်း
ဝယ်ဈေး ÷ ဝယ်ထားတဲ့ လ × ကျန်တဲ့ လ
- ဥပမာ — 12 လစာ ဝယ်ဈေး
- 120,000 ကျပ်
- တစ်လစာ
- 10,000 ကျပ်
- 6 လ သုံးပြီး ကျန်တာ
- 6 လ
- ပြန်ရမယ့် ငွေ
- 60,000 ကျပ်
ဘာ ပြရမလဲ
ဝယ်ထားကြောင်း သိရဖို့ အောက်ကထဲက တစ်ခု ပြပေးပါနော်။
- Order ID
- ဝယ်တုန်းက chat
- ငွေလွှဲ screenshot
ဘယ်လို ပြောရမလဲ
Messenger (သို့) Telegram မှာ ပြောပေးပါနော်။ Staff က စစ်ပြီး အစားထိုး (သို့) ငွေပြန်အမ်း လုပ်ပေးပါတယ်။
