ဘာရောင်းလဲ
ChatGPT, Gemini, CapCut, Claude, Canva စတဲ့ digital subscription တွေကို ရောင်းပါတယ်။ Digital product ချည်းပဲမို့ ပစ္စည်းကို website ထဲမှာ (သို့) chat ကနေပဲ ပို့ပေးပါတယ်။
Order တင်တာနဲ့ ငွေပေးတာ
- KBZ Pay၊ Wave Money၊ AYA Pay နဲ့ ငွေလွှဲပြီး ငွေလွှဲ screenshot တင်ပေးရပါတယ်။
- Staff က ငွေလွှဲတာကို စစ်ပြီးမှ Order အတည်ဖြစ်ပါတယ်။
- ဈေးနှုန်း ပြောင်းနိုင်ပါတယ်။ Order တင်ချိန်က ဈေးအတိုင်းပဲ ယူပါတယ်။
ပစ္စည်း ဘယ်လို ရမလဲ
တချို့ product က ငွေစစ်ပြီးတာနဲ့ အလိုအလျောက် ရပါတယ်။ တချို့ကို staff က chat ကနေ ပို့ပေးပါတယ်။ ဘယ်လို ရမလဲဆိုတာ product စာမျက်နှာမှာ ပြထားပါတယ်။
Product အလိုက် စည်းကမ်း
ChatGPT Share လို မျှသုံးရတဲ့ product တွေမှာ သုံးစွဲမှု စည်းကမ်း ရှိပါတယ် — ဥပမာ device တစ်လုံးတည်းမှာ သုံးရတာ၊ limit ကို မျှသုံးရတာ။ Product စာမျက်နှာမှာ ပြထားတဲ့အတိုင်း လိုက်နာပေးပါနော်။
ကိုယ်ထည့်တဲ့ အချက်အလက်
Gmail စတဲ့ ကိုယ်တိုင်ထည့်တဲ့ အချက်အလက်တွေ မှန်အောင် စစ်ပေးပါနော်။ မှားနေရင် ပစ္စည်းပို့တာ ကြာနိုင်ပါတယ်။
ငွေလွှဲ အထောက်အထား အတု
ငွေလွှဲ screenshot အတု (သို့) မမှန်တဲ့ ငွေလွှဲအထောက်အထား တင်ရင် Order ကို ပယ်ဖျက်ပါတယ်။
Warranty နဲ့ ငွေပြန်အမ်း
Warranty ကာလအတွင်း သုံးမရတော့ရင် ဘာလုပ်ပေးလဲဆိုတာ Warranty နဲ့ ငွေပြန်အမ်း မူဝါဒ မှာ ဖတ်ပါ။
ကိုယ်ရေးအချက်အလက်
အချက်အလက်တွေကို ဘယ်လို သိမ်းလဲ၊ သုံးလဲဆိုတာ ကိုယ်ရေးအချက်အလက် မူဝါဒ မှာ ဖတ်ပါ။
မေးစရာရှိရင်
ဆက်သွယ်ရန် စာမျက်နှာကနေ Messenger (သို့) Telegram မှာ မေးပေးပါနော်။
